Alumni Story

Courage to Step Out: From Rural Myanmar to PNU

KYAW ZAW TUN

NationMyanmar

ClassificationUndergraduate student(GKS)

DepartmentMechanical Engineering, Undergraduate

LanguageKorean, Myanmar language

မင်္ဂလာပါ။  ကျွန်တော်က အခုလက်ရှိ PNU Mechanical Engineering ဌာနမှာ GKS ဘွဲ့ကြို ပရိုဂရမ် နဲ့တက်ရောက်နေတဲ့ ကျော်ဇောထွန်းလို့ ခေါ်ပါတယ်။

ကျွန်တော် ဘာသားစကားသင်တန်းကိုတော့ ဆိုးလ်ဘက်မှာတက်ရောက်ခဲ့ပြီးတော့ ဆိုးလ်ဘက်ကနေ တိတ်ဆိတ်ပြီး နေချင်စရာကောင်းတဲ့ ဘူဆန်မှာ ဘွဲ့ကြိုတက်ဖို့ အတွေးရခဲ့ပါတယ်။ ကံကောင်းစွာနဲ့ GKS ပါရပြီး Mechanical Major ကိုတက်ရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

ပထမနှစ်မှာတော့ ကျောင်းစာနဲ့ ကျွန်တော်ဝါသနာပါတဲ့ အားကစားတွေဖြစ်တဲ့ ချက်စ်နဲ့ ဘက်စကတ်ဘော ကစားဖြစ်ခဲ့ပါတယ်။ အသင်းကလပ်တွေ ဝင်တဲ့အခါမှာလည်း ကိုရီးယားလူမျိုးတွေက ဝမ်းပန်းတသာနဲ့ ကြိုဆိုပေးခဲ့ကြတယ်ဗျ။ ၂၀၂၄မှာ ပြိုင်ခဲ့ဖူးတဲ့ chess ပြိုင်ပွဲတွေထဲက ၂ခုမှာဆိုရင်
 
2024 Mind Sports Chess Olympiad Busan မှာ ဒုတိယဆု
2024 Busan Chess Olympiad မှာ တတိယဆုတို့ကိုရရှိခဲ့ပါတယ်။ ပြိုင်ပွဲတွေသွားခဲ့တုန်းကလည်း နိုင်ငံခြားသားဆိုပြီး သီးသန့်ခွဲခြားတာမျိုးမရှိခဲ့သလို အိမ်အထိပါ ကားနဲ့လိုက်ပေးပို့လို့ ကျေးဇူးတွေ တင်ခဲ့ရပါသေးတယ်။

တစ်နှစ်ပြီးသွားတော့ စာနဲ့ဝါသနာပဲ လုပ်နေလို့မဖြစ်ဘူး တစ်ခြား activity တွေပါ လုပ်ကြည့်ချင်တဲ့ အတွေးရလာပါတယ်။ အဲ့ဒါနဲ့ PNU international house ကနေလုပ်တဲ့ ပွဲတွေ event တွေမှာ စတင်ပါဝင်ခဲ့ပြီး သူငယ်ချင်းအသစ်တွေလည်း ရခဲ့ပါတယ်ဗျ။

လက်ရှိ ဒုတိယနှစ်ထဲမှာဆိုရင် ပိတ်ရက်(၂၀၂၅ ၁လပိုင်း ၁၃ရက်)မှာ ကျောင်းကနေလုပ်ပေးတဲ့ Career Camp ကိုပါဝင်ပြီး ဂယောင်းဂျူမြို့ကို သွားရောက်လည်ပတ်ခွင့်ရခဲ့သလို နောက်ပိုင်းမှာလည်း တစ်ခြားလှုပ်ရှားမှုတွေ လုပ်ဖြစ်ပါသေးတယ်။

၂၀၂၅ ၉လပိုင်း ၁၈ မှာဆိုရင် နိုင်ငံခြားသားတွေအတွက် အလုပ်အင်တာဗျူးနဲ့ မိတ်ဆက်ပွဲဖြစ်တဲ့ KOTRA_PNU နဲ့ ၁၀လပိုင်း ၁ ရက်နေ့ PNU K_Festival မှာ အချိန်ပိုင်းအနေနဲ့ သွားရောက်ကူညီခဲ့ပြီး ၁၁လပိုင်း ၁၀ရက်နေ့မှာလည်း အူဆန်မြို့ကို ယဉ်ကျေးမှုအတွေ့အကြံအနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။
အဲ့လို လှုပ်ရှားမှုတွေကနေ သူငယ်ချင်းတွေ ရ အမှတ်တရတွေဖန်တီးဖြစ်ခဲ့ပြီး အခုလက်ရှိကတော့ ၂၀၂၅ PNU Global Ambassador အနေနဲ့ လုပ်နေပြီး  ကျောင်းအကြောင်းနဲ့ မေဂျာအကြောင်းတွေလည်း မျှဝေနေပါတယ်။ ကျွန်တော်တွေးခဲ့ဖူးတဲ့ ကိုရီးယားက တက္ကသိုလ်ဘဝထက် ပိုအဆင်ပြေနေတာတွေ့တော့လည်း ဝမ်းသာမိပါတယ်။
နောက် ကျောင်းပြီးတဲ့အထိ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ပြီး အကူအညီလိုတဲ့ လူတွေကိုလည်း ကူညီရင်း ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် နေသွားဖို့ ကြိုးစားနေပါတယ်ဗျ။ စာအရှည်ကြီးကို အဆုံးထိ ဖတ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 

저는 서울에서 처음 한국어를 배우기 시작했지만, 복잡한 환경보다는 편안하고 살기 좋은 도시에서 공부하고 싶어 부산을 선택했습니다. 무엇보다도 부산에서 가장 우수한 대학인 부산대학교 기계공학부에 정부초청장학생으로 입학하게 되어 정말 큰 영광이라고 생각합니다.

입학 후 1학년 동안 학업에 최선을 다하는 동시에, 다양한 취미 활동과 교내·외 활동에 적극적으로 참여했습니다. 한국 분들은 모두 정말 친절하셨고, 제가 가입한 농구동아리와 체스동아리에서도 진심으로 환영해 주셔서 짧은 시간 안에 많은 친구들을 사귈 수 있었습니다.

특히 2024년에는 두 번의 체스 대회에 참가하여 2024 마인드체스 올림피아드 부산컵 – 2위2024 부산 체스 올림피아드 – 3위 라는 뜻깊은 성과를 거둘 수 있었습니다.

대회에서 만난 한국 참가자분들이 외국인이라는 이유로 차별하지 않고 오히려 따뜻하게 대해 주신 점이 제 마음에 큰 감동으로 남아 있습니다.

1학년을 마친 후에는 단순히 공부와 취미 활동뿐 아니라, 부산대 국제처에서 주관하는 다양한 프로그램에 참여하여 더 넓은 경험을 하고 싶은 마음이 생겼습니다.

2025년 1월 13일에는 **부산대 외국인 유학생 취업캠프(동계)**에 참여하여 경주도 방문하고, 한국 문화와 진로에 대한 관심도 더 깊어졌으며, 많은 친구들을 만날 수 있었습니다.

2학년이 된 후에도 국제처의 여러 행사에서 운영요원으로 활동했습니다.

2025.09.18. KOTRA–PNU 해외취업박람회, 2025.10.01. PNU K-Festival, 2025.11.10. 울산 문화체험 프로그램 등 다양한 활동을 통해 좋은 분들과 인연을 맺었고, 잊지 못할 경험들을 쌓을 수 있었습니다.

현재 저는 2025 PNU Global Ambassador로 활동하며, 부산대를 알리고 국제 학생들과 한국 학생들 사이에서 긍정적인 연결고리가 되고자 노력하고 있습니다.
제가 꿈꾸던 대학 생활보다 훨씬 더 행복하고 풍성한 하루하루를 보내고 있어 항상 감사한 마음입니다.

앞으로도 한국 학생들과 세계 여러 나라의 친구들과 함께 성장하며, 도움이 필요한 사람에게 작은 힘이라도 보탤 수 있는 사람으로 계속 나아가고 싶습니다. 남은 대학 생활 4년 동안도 더 많은 추억을 만들고, 학교와 주변 사람들에게 도움이 되는 학생이 되고자 합니다.