Community

2024학년도 1학기 희망과목담기 기간 안내

WriterThet Myat Noe

Date24.01.29

Hits644

Image


အချိန် : 2024.01.31 (ဗုဒ္ဓဟူးနေ့) ၁၀နာရီ ~ 2024.02.01(ကြာသပတေးနေ့) နေ့လည် ၁၂နာရီထိ 

လျှောက်ထားနိုင်သူများ :undergraduate ကျောင်းသားများ (ကျောင်းနားပြီးပြန်တက်မည့်သူများ၊ ဘွဲ့ယူရန်နားထားသူများ အပါအဝင်), master ကျောင်းသားများ၊  exchangeကျောင်းသားများ 

လျှောက်ထားနိုင်သည့် အတန်းအရေအတွက်: 13တန်းနှင့် အထက် (master ကျောင်းသားများအတွက် 7တန်း)၊ အချိန်တိုက်ခြင်းနှင့် မသက်ဆိုင်ပဲ လျှောက်ထားလိုသော အတန်းများကို wishlist တင်ထားနိုင်သည်။ 

* wishlist ကြိုမလျှောက်ထား‌ပေမယ့် 수강신청 ကာလမှာ အတန်းတွေ လျှောက်နိုင်ပါတယ်။

*wishlist ကြိုတင်ထားပေမယ့် 수강신청 ကာလမှာ အတန်းတွေထပ်လျှောက်ရပါမယ်။

အတန်းတွေကြိုတင်ပြီး wishlist တင်ထားရင်းနဲ့ အော်တို ‌လျှောက်ပေးတဲ့ စနစ် (자동 신청) ပါလို့ auto registration system ပြုလုပ်နိုင်တာမို့ automatic course registration system instructions များကို သေချာဖတ်ပြီး စစ်ဆေးပေးရပါမယ်။ သူ့ရဲ့ အားသာချက်က 수강신청 ကာလရောက်ရင် auto registered ထားတဲ့ အတန်းတွေကို ပြန်လျှောက်စရာ မလိုတာပါပဲ။

*Automatic Course Registration 

ကျောင်းသားများဟာ wishlist ကာလအတွင်းမှာ ကိုယ်တက်ချင်တဲ့ အတန်းကို ရွေးချယ်ပြီး auto registration လုပ်နိုင်ပါတယ်။ 자동 신청 ဆိုတဲ့ button လေးကို on ထားရမှာပါ။ 
Auto registration လုပ်ထားရင် အတန်းကြိုတင်လျှောက်ထားသော ကျောင်းသားဦးရေက ကန့်သတ်ထားသော ပမာဏထက် နည်းရင် မိမိကိုယ်တိုင် လျှောက်ထားစရာမလိုပဲ အလိုလျောက် လျှောက်ပေးပြီး အတန်းလျှောက်တဲ့ ကာလမှာ ဖြစ်ပေါ်လေ့ရှိတဲ့ server error များ လျော့နည်းစေသော system တစ်ခုဖြစ်ပါတယ်။

* အတန်းကြိုတင် လျှောက်ထားသော ကျောင်းသားဦးရေသည် ကန့်သတ်ပမာဏထက် များလျှင် 수강신청 ကာလအတွင်း ဦးသူစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။ 

 

Undergraduate ကျောင်းသားများသတိထားရန် အချက်များ  (master ကျောင်းသားများမပါ) 

- Onestop website သို့ PC မှသော်လည်းကောင်း web မှ သော်လည်းကောင်း ဝင်ရောက်နိုင်ပြီး PNU smart campus application မှတဆင့်လည်း လျှောက်ထားနိုင်သည်။ 

- wishlist တင်ထားသော ဘာသာရပ်များအား " 작동신청 신청하기" ကို click ထားပြီး လျှောက်ထားနိုင်သည်။ 

- 수강신청 ကာလ လျှောက်ထားရာတွင် သတ်မှတ်ထားသော credit အတွင်းသာ လျှောက်ထားနိုင်ပြီး အချိန်တိုက်နေသော အတန်းများနှင့် course တူသော အတန်းများ လျှောက်ထား၍ မရနိုင်ပါ။ 

- auto register လုပ်ထားသော်လည်း အတန်းအားလုံး auto registration မဖြစ်သည့်အခါတွင် PNU Smart Campus App မှ notification ပို့ပေးမည်ဖြစ်သည်။ 

* Smart Campus App အား Install လုပ်ပြီး log in ဝင်ထားမှသာလျှင် notification ကြည့်လို့ရမည် ဖြစ်သည်။ 

- 2024.02.02(သောကြာနေ့) 9နာရီမှ ၆နာရီအတွင်း automatic application result ကို ကြည့်ရှူနိုင်ပြီး auto registration မလုပ်လိုသော အတန်းများအား ပြန်လည် cancel နိုင်သည်။ 
*ကြည့်ရန် နေရာ - 수업 > 수강신청 및 확인 > 자동신청교과목확인및삭제

 

 

 

 

 

 

 

File